Need Help? Talk To An Expert
(01) 3682147, (01) 3682157

Follow Us:

ကိုဗစ်-၁၉ သတင်း : ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ  ၁၀၀,၀၀၀  GBS မှ ထည့်ဝင်လှူဒါန်း 

ကိုဗစ်-၁၉ ကို တိုက်ဖျက်နေဆဲ တစ်နှစ်တာကာလအတောအတွင်းမှာ ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ရှောင်လွှဲလို့မရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းမှာလည်း လူအများစုဟာ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု၊ ထိခိုက်ဆုံးရှုံးမှုများစွာကို ခံစားနေကြရပြီး ဤကပ်ဘေးကြီးကနေ လူ့ဘဝတွေဟာ ဘယ်လောက်ထိပျက်စီးလွယ်ပြီး တန်ဖိုးရှိကြောင်းကို မီးမောင်းထိုးပြနေပါသည်။

ထို့ကြောင့်ပဲ ကျွန်ုပ်တို့အနေဖြင့် တစ်နေ့ ဤရောဂါဆိုးကြီးကို အမြစ်ပြတ်အောင် တိုက်ထုတ်ပြီး အဖြစ်ဆိုးများအားလုံးကို နောက်မှာချန်ထားခဲ့မယ် ဆိုသောစိတ်ဓာတ်၊ မလျှော့သောဇွဲတို့နှင့် ကြိုးစားနေကြခြင်း ဖြစ်ပါသည်။ ဂျီဘီအက်(စ်) အနေဖြင့်လည်း ဤကပ်ရောဂါကြီးကို တိုက်ထုတ်ရာမှာ တစ်ထောင့်တစ်နေရာမှ တက်ကြစွာပါဝင်လျက်ရှိပါသည်။

ဂျီဘီအက်(စ်) အနေဖြင့် နည်းသည်၊ များသည် မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို ထည့်ဝင်လှူဒါန်းခဲ့ကြောင်း ဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။ မြန်မာ့စိုက်ပျိုးရေးဘဏ်နှင့် ၎င်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းသူနှင့်အတူ ဂျီဘီအက်(စ်) မှ ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေကို ပံ့ပိုးခြင်းဖြင့် ဤကပ်ရောဂါကို ကာကွယ်ထိန်းချုပ် နောက်ဆုံး လုံးဝကင်းစင်သွားအောင် ကုသနိုင်ရန်အတွက် ခြေတစ်လှမ်းပိုနီးလာမည် ဖြစ်ပါသည်။

Facebook
Twitter
LinkedIn